ခွန်အား


  • အကြောင်းမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ရန်သူတို့ကို စစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည် ဟု လူတို့အား ပြောဆိုရကြမည်။
    တရားဟောရာကျမ်း 20:4
  • သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွား လေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။
    Joshua 1:9
  • သားတော်ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သော စိတ်နှင့်လုပ်ဆောင်လော့။ မစိုးရိမ် နှင့်။ စိတ်မပျက်နှင့်။ ငါ၏ဘုရားသခင် ထာဝရအရှင် ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ လုပ် ဆောင်၍ လက်စမသတ်မှီတိုင်အောင် သင့်ကို စွန့်တော် မမူ။ ပစ်ထားတော်မမူ။
    ရာဇဝင်ချုပ်​ပဌမစောင်။ 28:20
  • သူ့ဘက်၌ လူလက်ရုံးရှိ၏။ ငါတို့ဘက်၌ ထောက်မ၍၊ စစ်ကူတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူများတို့ သည် ယုဒရှင်ဘုရင်ဟေဇကိ၏ စကားကိုကိုးစား ကြ၏။
    ရာဇဝင်ချုပ်​ဒုတိယစောင်။ 32:8
  • သွားကြလော့၊ မြိန်စွာသော အစာကိုစားကြ လော့။ ချိုသော အရည်ကိုသောက်ကြလော့။ ဆင်းရဲသော သူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ ဘုရားရှင်အဘို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရ ဘုရားပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။
    နေဟမိမှတ်စာ။ 8:10
  • ကိုယ်တော်၏ရန်သူတို့ကို ရည်ဆောင်၍ ရန်သူ ကို၎င်း၊ အငြိုးထားသောသူကို၎င်း၊ တိတ်ဆိတ်စွာနေစေ ခြင်းငှါ၊ နို့စို့သူငယ်တို့၏နှုတ်ထဲမှ အစွမ်းသတ္တိကို စီရင် တော်မူ၏။
    ဆာလံကျမ်း 8:2
  • အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍၊ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ ဝင်ပါပြီ။ ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။ ထိုဘုရားသခင်သည် ငါ့ကိုခွန်အား ခါးပန်းနှင့် စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏။
    ဆာလံကျမ်း 18:29, 30B, 32
  • အချို့သောသူတို့သည် ရထားကို၎င်း၊ အချို့တို့ သည် မြင်းကို၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါတို့မူကား၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမ တော်ကို ချီးမွမ်းကြလိမ့်မည်။
    ဆာလံကျမ်း 20:7
  • အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏ အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူ ခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။
    ဆာလံကျမ်း 21:1
  • အကယ်စင်စစ် အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင် ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။ ထာဝရဘုရားကို မြော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မြော်လင့် လျက်နေလော့။
    ဆာလံကျမ်း 27:13, 14
  • ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်း မည်။ ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏။
    ဆာလံကျမ်း 28:7, 8
  • ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသော သူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ၏။
    ဆာလံကျမ်း 34:18
  • ထာဝရဘုရားသည် မိမိကျွန်တို့၏ အသက် ဝိညာဉ်ကို ရွေးနှုတ်တော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ခိုလှုံသောသူတစုံတယောက်မျှ အပြစ်စီရင်ခြင်းကို မခံရ။ ဒါဝိဒ်သည် အဘိမလက်မင်းရှေ့မှာထူးခြားသောအခြင်းရာကိုပြုသဖြင့်၊ နှင့်ထုတ်ခြင်းကိုခံရ၍ ထွက်သွားသောအခါ စပ်ဆိုသောဆာလံ။
    ဆာလံကျမ်း 34:22
  • ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရား သည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။
    ဆာလံကျမ်း 37:23, 24
  • ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။
    ဆာလံကျမ်း 37:39
  • အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင် အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။ တဖန်တုံ အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏ အစွမ်းသတ္တိကို၎င်း၊ နောက်ဖြစ်လတံ့သော သူအပေါင်းတို့အား တန်ခိုးတော်ကို၎င်း၊ အကျွန်ုပ်မပြမှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။
    ဆာလံကျမ်း 71:17, 18
  • ကြီးမားကြမ်းတမ်းသော ဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တဖန် အသက်ကို ချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တဖန်ထမြောက်စေတော်မူမည်။ အကျွန်ုပ်ကို စည်းစိမ်တိုးပွားစေ၍၊ တဖန် သက်သာစေတော်မူမည်။
    ဆာလံကျမ်း 71:20, 21
  • အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။
    ဆာလံကျမ်း 73:26
  • ကိုယ်တော်ကို အားပြုသော သူသည် မင်္ဂလာ ရှိပါ၏။ ထိုသို့သော သူတို့သည် လမ်းခရီးတော်တို့ကို နှလုံးသွင်းတတ်ကြပါ၏။ သူတို့သည် အားတိုးတက်၍ ခရီးသွားလျက်၊ ဇိအုန်မြို့မှာ ဘုရားသခင့်ထံတော်၌ မျက်နှာပြကြပါ၏။
    ဆာလံကျမ်း 84:5, 7
  • အကျွန်ုပ်၏ နှလုံးထဲမှာ စိတ်များပြားသောအခါ၊ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့်၊ အကျွန်ုပ်၏ ဝိညာဉ်သည် ရွှင်လန်းပါ၏။
    ဆာလံကျမ်း 94:19
  • ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်း ဆိုရာအကြောင်း၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏။
    ဆာလံကျမ်း 118:14
  • အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံး အရည်ယိုလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။
    ဆာလံကျမ်း 119:28
  • ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင် သည် ဖြစ်၍၊ ဆင်းရဲကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော် သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏။
    ဆာလံကျမ်း 119:50
  • အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင် စေတော်မူလိမ့်မည်။ လက်တော်ကို ဆန့်လျက်၊ ရန်သူတို့ ၏အမျက်ဒေါသကို ဆီးတား၍၊ လက်ျာလက်တော် အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။
    ဆာလံကျမ်း 138:7
  • အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြ ပါပြီ။
    ဆာလံကျမ်း 142:3
  • ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှု ရောက်သည်ကာလ၌ ခိုလှုံရာဖြစ် တော်မူ၏။ ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက် သောအခါ၊ မိုဃ်းသက်မုန်တိုင်း လွတ်ရာ၊ နေရောင်ကွယ် ကာရာ ဖြစ်တော်မူ၏။
    ဟေရှာယအနာဂတ္တိကျမ်း။ 25:4
  • ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အား ကို ပေးတော်မူ၏။ နွမ်းနယ်သော သူတို့အား၊ အစွမ်းသတ္တိ နှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။
    ဟေရှာယအနာဂတ္တိကျမ်း။ 40:29
  • ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။
    ဟေရှာယအနာဂတ္တိကျမ်း။ 40:31
  • မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။
    ဟေရှာယအနာဂတ္တိကျမ်း။ 41:10
  • ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာ သွေ့ခြောက်သော အခါ၊ ငါထာဝရဘုရားသည် သူတို့ စကားကို နားထောင် မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကို မစွန့်။
    ဟေရှာယအနာဂတ္တိကျမ်း။ 41:17
  • စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့ အဘို့ စီရင်၍၊ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်း အရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘော အရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အား ပေး စေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဘို့ ထာဝရဘုရားစိုက်ပျိုးတော်မူသော အပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။
    ဟေရှာယအနာဂတ္တိကျမ်း။ 61:3
  • သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် ထိုသို့ဆိုသောကြောင့်၊ ငါ့စကားကို သင်၏နှုတ်၌ မီးကဲ့သို့၎င်း၊ ဤလူမျိုးကိုထင်းကဲ့သို့၎င်း ငါဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည်။
    ယေရမိအနာဂတ္တိကျမ်း။ 5:14
  • အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။ ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော် များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။ ဆင်းရဲစေချင်သော စိတ်နှင့်လူသားတို့ကို ညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည်မဟုတ်။
    ယေရမိမြည်တမ်းစကား။ 3:31-33
  • သူတို့ကို ထာဝရဘုရားအားဖြင့် ငါခိုင်ခံ့စေမည်။ နာမတော်ကို အမှီပြုလျက် လှည့်လည်၍ သွားကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။
    Zechariah 10:12
  • အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။
    ရှင်မဿဲခရစ်ဝင်။ 10:20
  • ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကိုလူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ် သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
    ရှင်မဿဲခရစ်ဝင်။ 19:26
  • ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
    တမန်တော်ဝတ္ထု။ 1:8
  • ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့် ခြင်းသတ္တိကို မြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ် ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ၍၎င်း၊
    တမန်တော်ဝတ္ထု။ 4:13
  • ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။
    ရောမ​ဩဝါဒစာ။ 8:28
  • သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း။
    ရောမ​ဩဝါဒစာ။ 8:31
  • အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သော တရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော် ဖြစ်၏။
    ကောရိန္သု​ဩဝါဒစာ​ပဌမစောင်။ 1:18
  • သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည်၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် တည်စေ ခြင်းငှါ၊ ငါ့စကား၊ ငါ့ဒေသနာသည် လူပညာနှင့် ယှဉ်သောဖြားယောင်းသောစကားနှင့်တကွ ရှိသည် မဟုတ်။ ဝိညာဉ်တော်၏နိမိတ်လက္ခဏာ တန်ခိုးတော်နှင့် တကွ ရှိ၏။
    ကောရိန္သု​ဩဝါဒစာ​ပဌမစောင်။ 2:4, 5
  • သင်တို့သည် သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွ ခွန်အားစုံလင်လျက်နေကြလော့။
    ကောရိန္သု​ဩဝါဒစာ​ပဌမစောင်။ 16:13
  • သို့ရာတွင် ငါတို့သည်ကိုယ်တန်ခိုးကိုအမှီပြု၍၊ ကိုယ်အလိုအလျောက် တစုံတခုကိုကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကိုအမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊
    ကောရိန္သု​ဩဝါသစာ​ဒုတိယစောင်။ 3:5
  • ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏ တန်ခိုး တော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။
    ကောရိန္သု​ဩဝါသစာ​ဒုတိယစောင်။ 10:4
  • ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ်၌ အား နည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။ သို့ဖြစ်၍ ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။
    ကောရိန္သု​ဩဝါသစာ​ဒုတိယစောင်။ 12:9, 10
  • ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံ ခိုင်ခံ့စေ၍၊
    ဧဖက်​ဩဝါဒစာ။ 3:16
  • ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။
    ဧဖက်​ဩဝါဒစာ။ 6:10
  • သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊ ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီး လျက်ပြုတော်မူမည်ဟု ငါသဘောကျ၏။
    ဖိလိပ္ပိ​ဩဝါဒစာ။ 1:6
  • ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။
    ဖိလိပ္ပိ​ဩဝါဒစာ။4:13
  • အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။
    တိမောသေ​ဩဝါဒစာ​ဒုတိယစောင် 1:7
  • သည်းခံလျှင်၊ ထိုသခင်နှင့်အတူ စိုးစံလိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ်လျှင်၊ ငါတို့ကို ငြင်းပယ်တော်မူလိမ့်မည်။
    တိမောသေ​ဩဝါဒစာ​ဒုတိယစောင် 2:12
  • ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက်သာ၍ကြီးတော်မူ၏။
    ရှင်ယောဟန်​‌ဩဝါဒစာ​ပဌမစောင်။ 4:4